Skincare တွေမှာ တွေ့တွေ့ နေကြဖြစ်တဲ့ Ceramide ဆိုတာ ဘာလဲ ?

 Ceramide ဟာဆိုရင် နဂို အသားအရေမှာ ရှိတဲ့ သဘာဝ Fatty Acids ဖြစ်ပြီး အသက်အရွယ်ရလာတာနဲ့ အမျှ နေဒဏ်,လေဒဏ်ကြောင့် တစ်ဖြည်းဖြည်းလျော့နည်းလာပါတယ် 

Skin Barrier မှာ Ceramide ဟာဆိုရင် 40 % ကနေ 50% အထိ ပါဝင်နေပါတယ်

 Ceramide ဆုံးရှုံးလာမယ်ဆိုရင် အသားအရေ လျော့တွဲလာမယ် 

ခြောက်သွေ့ ကြမ်းတမ်းလာတာမျိုးတွေ ဖြစ်ပေါ်လာမယ်

နောက်ဆုံး အထိခိုက်မခံတဲ့ အသားအရေထိပါ ဖြစ်ပေါ်လာနိုင်ပါတယ် 

 Ceramide ကို အမြဲ အသုံးပြုပေးမယ်ဆိုရင် အသားအရေ Skin Barrier လေးတွေက ထူလာမယ် 

တော်ရုံနဲ့ ပြင်ပဒဏ်တွေကနေ ထိခိုက်မှုရန် နည်းလာမယ်

 စီရာမိုက် က အသားအရေရဲ့ ရေဓာတ်ကို ထိန်းပေးတယ် မျက်နှာပြင်မှာ နဂို Ceramide ဓာတ်ရှိပါတယ် သူက အသားအရေရဲ့ အပေါ်ယံ အလွှာမှာ တည်ရှိပါတယ်

ပြင်ပကနေ အသားအရေထဲ ဘတ်တီးရီးယားအလွယ်တကူ မဝင်ရောက်နိုင်အောင် ဟန့်တားပေးတဲ့ အဆီဓာတ်တစ်မျိုး ဖြစ်ပါတယ် 

 Ceramide ထုတ်ကုန်တွေ က ဘာတွေ အတွက်ကောင်းလဲ ?

အသားအရေ မှာရှိတဲ့ Ceramide ဓာတ်က လျော့နည်းလာမယ်ဆိုရင် အသားအရေ မွဲခြောက်ပြီး အမဲစက် ကို ဖြစ်ပေါ်စေနိုင်တယ်

အသားအရေထိခိုက်တာတွေ ဖြစ်ပေါ်လာမယ် စီရာမိုက်ကို ပုံမှန် အသုံးပြုပေးမယ်ဆိုရင် အသားအရေ အရေအကြောင်းတွေ သက်သာစေပြီး အသားအရေ တင်းရင်းစေမယ်

အသားအရေ ခြောက်သွေ့ယားယံခြင်းတာနဲ့ အမာရွတ်ဖြစ်ပေါ်ခြင်းမှ လည်းသက်သာစေတယ် အမဲစက် , ဝက်ခြံ ရန်မှ လည်းကင်းဝေးစေတယ် 

အရေပြား ပြသာနာ ဖြစ်တဲ့ နှင်းခူး အစက်အပြောက် အစရှိတဲ့ အရေပြားဆိုင်ရာ ပြသာနာတွေကို လည်း သက်သာလာစေနိုင်ပါတယ်

Leave a Comment

Shopping Cart