Privacy Policy

မိတ်ဆက်

ဖောက်သည်များကို ကြိုဆိုပါတယ်။ ဤနေရာမှာ Sun Shine Yangon Co., Ltd မှ ပိုင်ဆိုင်သော Sun Shine Mall (ယခုအခါ “ကျွန်ုပ်တို့”/ “ကျွန်ုပ်တို့” နှင့် “ကျွန်ုပ်တို့၏” ဟုရည်ညွှန်းပြောဆိုပါမည်)။ ဤဆိုဒ်သည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ရောင်းချရန် အွန်လိုင်းစျေးကွက်တစ်ခုဖြစ်ပါသည်။
ကြိုတင်သတိပေးချက်မရှိဘဲ အချို့သော ပြဋ္ဌာန်းချက်များကို ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ရှားခြင်းဖြင့် ဤစည်းမျဥ်းစည်းကမ်းများကို ပြောင်းလဲနိုင်ပြီး ပြုပြင်နိုင်ကြောင်း သတိပေးပါသည်။ စည်းမျဥ်းစည်းကမ်းများကို အပ်ဒိတ်လုပ်ပြီးသည်နှင့် အပြောင်းအလဲများသည် သက်ရောက်မှုရှိပါမည်။ အပ်ဒိတ်များကို ပုံမှန်စစ်ဆေးရန် ကျွန်ုပ်တို့ တောင်းဆိုအပ်ပါသည်။

အသုံးပြုသူ သဘောတူညီချက်

ကျွန်ုပ်တို့၏ဆိုဒ်တွင် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် အကောင့်ဖန်တီးခြင်းအတွက် ကျွန်ုပ်တို့အနေဖြင့် သင့်ကိုယ်ရေးသတင်းအချက်အလက်များကို တောင်းဆိုနိုင်ပါသည်။ သင့်ရဲ့ အသုံးပြုသူအမည်၊ စကားဝှက်၊ အကောင့်အသေးစိတ်အချက်အလက်များနှင့် အခြားပုဂ္ဂိုလ်ရေးသတင်းအချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်းထားရန် သင့်တာဝန်ဖြစ်ပါသည်။ ဤတာဝန်ကို လက်ခံရန်နှင့် သင့်အကောင့်နှင့် ဒေတာများကို အမြဲလုံခြုံစွာ ထိန်းသိမ်းထားကြောင်း သေချာစေရန်နှင့် သင့်အကောင့်ကို အလွဲသုံးစားမှုမှ ကာကွယ်ရန် လိုအပ်သော အဆင့်များအားလုံးကို သင်သဘောတူပြီး အသိအမှတ်ပြုရပါမည်။ သင့်စကားဝှက်ကို အခြားသူတစ်ဦးဦးမှ သိရှိသွားခြင်း သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားသည့် အကြောင်းတစ်စုံတစ်ရာရှိပါက ကျွန်ုပ်တို့ထံ ချက်ချင်းအသိပေး အကြောင်းကြားပါ။ သင်ကိုယ်တိုင်ဖြစ်စေ တခြားသူမှဖြစ်စေ သင့်အကောင့်နှင့် စကားဝှက်ကို အသုံးပြုခြင်းဖြင့် ဆိုဒ်နှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်း၊ ပုဂ္ဂိုလ်ရေးဒေတာများကို ကြည့်ရှုခြင်း၊ ဆက်သွယ်မှုများပြုလုပ်ခြင်း၊ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်းသည် သင်၏ ခွင့်ပြုချက်ဖြစ်ကြောင်း သဘောတူလက်ခံရမည်ဖြစ်သည်။ ထို့အပြင် သင့်အကောင့်မှတဆင့် ဆိုဒ်ကို အသုံးပြုခြင်း၊ ဝင်ရောက်မှုများကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးမှုများအပေါ် ကျွန်ုပ်တို့ကို အပြည့်အဝလျော်ကြေးပေးရန် ထပ်မံသဘောတူလက်ခံရမည်ဖြစ်သည်။ သင့်ကိုယ်ရေးသတင်းအချက်အလက်များမှားနေခြင်းကို သင့်အကောင့်မှ ဆက်သွယ်ပြင်ဆင်ရန် မဖြစ်နိုင်ပါက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဌာနကို ဆက်သွယ်ရန် သင့်အနေဖြင့် လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ကြိုတင်အကြောင်းကြားခြင်းမရှိပဲ မည်သည့်အချိန်တွင်မဆို အကောင့်တစ်ခုခုကို ရပ်ဆိုင်းခြင်း၊ ဆိုဒ်ကို ဝင်ရောက်ခွင့် ပိတ်ပင်ခြင်း၊ မူပါအကြောင်းအရာများကို ဖယ်ရှားခြင်း သို့မဟုတ် ပြင်ဆင်တည်းဖြတ်ခြင်းများ ပြုလုပ်ခွင့်ရှိသည်။

ကိုယ်ရေးအကျိုးဆိုင်ရာ သိမ်းဆည်းမှု

ဒေတာအကာအကွယ်စောင့်ရှောက်မှုသည် ယုံကြည်မှုနှင့် ပုဂ္ဂိုလ်ရေးအရ လိုအပ်သော ကိစ္စတစ်ရပ်ဖြစ်သည်။ သင့်ကိုယ်ရေးသတင်းအချက်အလက်များနှင့် သင့်ဆိုဒ်အသုံးပြုမှုအား ကျွန်ုပ်တို့၏ Privacy Policy အတိုင်း လျှို့ဝှက်ထားပေးမည်ဖြစ်ပါသည်။ စုဆောင်းမည့်သတင်းအချက်အလက်များမှာ ကျွန်ုပ်တို့၏ ပေးပို့လုပ်ငန်းဆောင်တာများအတွက် လိုအပ်သော အချက်အလက်များသာဖြစ်ပြီး၊ သင့်အမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ တည်နေရာနှင့် အခြားသော အချက်အလက်များသာ လိုအပ်မည်ဖြစ်ပါသည်။ ထို့ပြင် ဝယ်ယူသူများ၏ ဝယ်ယူမှတ်တမ်းများကို ပရိုမိုးရှင်းများနှင့် အခြားဝန်ဆောင်မှုများအတွက်သာ သိမ်းဆည်းမည်ဖြစ်ပြီး၊ ဝယ်သူများ၏ အကြွေးဝယ်ကတ်အချက်အလက်များ၊ MPU ကတ်နံပါတ်များကို စုဆောင်းသိမ်းဆည်းမည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ စုဆောင်းထားသည့် အချက်အလက်များကို အခြားစီးပွားရေးရည်ရွယ်ချက်များ သို့မဟုတ် တရားမဝင် လှုပ်ရှားမှုများအတွက် သုံးစွဲမည်မဟုတ်ကြောင်း အာမခံပါသည်။ ကိုယ်ရေးသတင်းအချက်အလက်များကို မြန်မာနိုင်ငံ၏ ဥပဒေများနှင့် စည်းမျဉ်းများနှင့်အညီ အပြည့်အဝလိုက်နာဆောင်ရွက်ပါသည်။

ငွေပေးချေမှု

ငွေပေးချေမှုလုပ်ငန်းစဉ်အတွက် မြန်မာနိုင်ငံမှ မိုဘိုင်းငွေပေးချေမှုနည်းလမ်းများကို လက်ခံပေးနေပြီး ယခုအချိန်တွင် KBZ Pay ကိုသာ လက်ခံထားပါသည်။ သို့သော်လည်း သင့်သက်ဆိုင်ရာ ငွေပေးချေမှုဝန်ဆောင်မှုပေးသူက ထုတ်ပြန်သော စည်းမျဥ်းစည်းကမ်းများနှင့် သဘောတူရန် လိုအပ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ဘဏ်ငွေလွှဲခြင်း၊ ပစ္စည်းရောက်မှ ငွေချေမှု (Cash on Delivery) နှင့် ဆိုင်တွင်သွားရောက်ငွေချေမှု (Cash on Pickup) စသည်တို့ကိုလည်း လက်ခံပါမည်။ ဘဏ်ငွေလွှဲမှုလုပ်ငန်းစဉ်အတွက် လိုအပ်သော ဘဏ်အကောင့်အချက်အလက်များကို ပထမစာမျက်နှာ၏ အောက်ခြေတွင်နှင့် “Buy Now” သို့မဟုတ် “Checkout All” ခလုတ်ကိုနှိပ်ပြီးနောက် Checkout စာမျက်နှာတွင် ရရှိနိုင်ပါသည်။ သင့်မိုဘိုင်း သို့မဟုတ် ဘဏ်ကတ်များတွင် ငွေပေးချေမှုလုပ်ဆောင်နေစဉ်အတွင်း အမှားအယွင်းတစ်စုံတစ်ရာ နှင့်/သို့မဟုတ် အမှားတစ်ခုဖြစ်ပေါ်ပါက၊ ၎င်းသည် သင့်ဝန်ဆောင်မှုပေးသူ သို့မဟုတ် ဘဏ်ကတ်ထုတ်ပေးသူ၏ ပြဿနာဖြစ်သည်။

လိုင်စင်သဘောတူညီချက်

ယေဘုယျအားဖြင့်၊ ကျွန်ုပ်တို့၏ site ကို အသက်အရွယ်မရွေး အသုံးပြုနိုင်သည်။ သို့သော်လည်း၊ ကျွန်ုပ်တို့သည် အသက် 13 နှစ်အထက် အရောင်းအ၀ယ်ပြုလုပ်ရန် အထူးအကြံပြုအပ်ပါသည်။ ထို့အပြင် သက်ငယ်ရွယ်သူများအတွက် အာမခံချက်၊ မိဘ သို့မဟုတ် တရားဝင်အုပ်ချုပ်သူ၏ ကြီးကြပ်မှု၊ သို့မဟုတ် အသက် ၁၈ နှစ်အထက်ရှိသူတစ်ဦး၏ အတည်ပြုချက် လိုအပ်ပါမည်။

ပယ်ဖျက်မှု

အော်ဒါတင်ပြီးနောက် ၂ နာရီအတွင်း သင်သည် သင့်အော်ဒါကို ပယ်ဖျက်နိုင်ပြီး၊ ဝယ်ယူသူမှ အော်ဒါအား အတည်မပေးပါက သို့မဟုတ် ဝယ်သူနှင့် ဆက်သွယ်၍ မရနိုင်ပါက ကျွန်ုပ်တို့တွင် အော်ဒါကို ပယ်ဖျက်ခွင့်ရှိပါသည်။

ပို့ဆောင်မှု

ပို့ဆောင်ခကို ပို့ဆောင်ရမည့် ဧရိယာအပေါ် မူတည်၍ ကောက်ခံမည် ဖြစ်ပါသည်။ ပို့ဆောင်မှု ကာလမှာ သင့်လိပ်စာ၊ ကုန်ပစ္စည်း မရှိ/ရှိမှုနှင့် သယ်ယူပို့ဆောင်မှု ဝန်ဆောင်မှုများအပေါ် မူတည်၍ ကွာခြားနိုင်ပါသည်။ ရန်ကုန်မြို့အတွင်း ပို့ဆောင်ချိန်ကာလ ခန့်မှန်းချက်မှာ အခြေအနေများအရ ၂ ရက်မှ ၅ ရက်ခန့် ဖြစ်ပါသည်။ အခြားဧရိယာများအတွက် အသေးစိတ်အချက်အလက်များ ရယူလိုပါက ကျွန်ုပ်တို့ကို လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပြန်ပို့ခြင်းနှင့် အစားထိုးခြင်း

အောက်ပါအခြေအနေများအတွက် သင်သည် ကုန်ပစ္စည်းပြန်ပို့ခြင်းနှင့် အစားထိုးမှုများ ပြုလုပ်နိုင်ပါသည်။
– ကုန်ပစ္စည်းသည် မူလဘောင်ချာနှင့် ကိုက်ညီမှုမရှိခြင်း (အရောင်၊ မော်ဒယ်၊ ပစ္စည်းအမျိုးအစား) (ဖောက်ဖွင့်ထားခြင်းမရှိသည့်အခြေအနေ)
– ကုန်ပစ္စည်းများသည် ဝယ်ယူသူဆီသို့ မရောက်မှီ ပျက်စီးနေခြင်း။
အထက်ပါပြဿနာများဖြစ်ပေါ်ပါက အလုပ်ရက် ၃ ရက်အတွင်း ကုန်ပစ္စည်းများကို ပြန်လည်ပို့ဆောင်နိုင်ပါသည်။
အောက်ပါအခြေအနေများအတွက် အစားထိုးခြင်း သို့မဟုတ် ပြန်ပေးပို့ခြင်း မပြုလုပ်ပါ။
– ထုတ်ကုန်ကို ဖွင့်ဖောက် သုံးစွဲပြီးအခြေအနေဖြစ်ခြင်း။
– အကြောင်းကြားခြင်း၊ အစားထိုးခြင်း သတ်မှတ်ရက်ထက်နောက်ကျခြင်း။
– လျှော့စျေးပစ္စည်းများ သို့မဟုတ် ပရိုမိုးရှင်းပစ္စည်းများအား အစားထိုးခြင်း သို့မဟုတ် ပြန်လှဲလည်ပေးခြင်းများ မပြုလုပ်ပေးပါ။

တားမြစ်ခြင်း

ကျွန်ုပ်တို့၏ဆိုဒ်ကို မည်သည့် ရိုင်းစိုင်းမှု၊ လိမ်လည်မှုနှင့် တရားမဝင် ရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းကို ပြင်းထန်စွာတားမြစ်ပါသည်။ဆိုဒ်၊ ကုမ္ပဏီဝန်ထမ်းများနှင့် အခြားသူများအား ထိခိုက်ဒဏ်ရာရစေနိုင်သည့် လှုပ်ရှားမှုများကိုလည်း တားမြစ်ပါသည်။ ထို့အပြင်၊ လူမျိုးရေးခွဲခြားမှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် လောင်းကစားမှုတို့အပါအဝင် အခြားသူများကို ခြိမ်းခြောက်ရန် သို့မဟုတ် လှုံ့ဆော်မည့် လုပ်ရပ်များကို ကျွန်ုပ်တို့ ခွင့်မပြုပါ။

မှတ်ချက်များ၊ တုံ့ပြန်ချက်များနှင့် မကျေနပ်ချက်များ

မှတ်ချက်များ၊ အကြံပြုချက်များ၊ တုံ့ပြန်ချက်နှင့် မကျေနပ်ချက်အစီရင်ခံစာများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။ သင်သည် အီးမေးလ်၊ ဖုန်း၊ သို့မဟုတ် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်မှတဆင့် ပေးပို့နိုင်ပါသည်။ ကျွန်ုပ်တို့သည် သင်၏တုံ့ပြန်ချက်များအားလုံးကို သုံးသပ်၍ ပြဿနာများကို ဖြေရှင်းရန် လိုအပ်သော လုပ်ဆောင်ချက်များကို ပြုလုပ်ပါမည်။ ပိုမိုပြည့်စုံသောဖြေရှင်းနည်းများပေးဆောင်ရန် ပြဿနာများအကြောင်း ပိုမိုနားလည်ရန် သင့်ထံသို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရေး

ကျေးဇူးပြု၍ သင့်ပေးပို့ထားသော ဆက်သွယ်ရန် အချက်အလက်များမှန်ကန်ကြောင်း သေချာစေပါရန် တောင်းဆိုအပ်ပါသည်။ အော်ဒါအတည်ပြုခြင်း၊ ငွေပေးချေမှု၊ ပို့ဆောင်ရမည့်နေရာနှင့် အခြားဆိုင်ရာအချက်အလက်များအတွက် ကျွန်ုပ်တို့သည် သင့်အား ဖုန်း၊ SMS၊ နှင့်/သို့မဟုတ် အီးမေးလ်မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

ဆက်သွယ်ရန်

ဖုန်းနံပါတ် – ၀၉ ၇၅၇ ၈၇၀ ၁၃၄
အီးမေးလ် – sales@globalsuns.org
လိပ်စာ – အမှတ် (၁၀၄)၊ ရွှေသံလွင်ကွန်ဒို၊ ဗဟန်း မြို့နယ်၊ ရန်ကုန်၊ မြန်မာ။

Shopping Cart
Scroll to Top