About Us

SunShine Yangon ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံတွင် အခြေစိုက် တည်ထောင်ထားသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး အမျိုးမျိုးသော စီးပွားရေးကဏ္ဍများတွင် ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံရှိသော ကုမ္ပဏီဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ခိုင်မာသော အခြေခံအုတ်မြစ်နှင့် စျေးကွက်အသိပညာကို အသုံးချကာ ကျွန်ုပ်တို့၏စားသုံးသူများအား အဆင့်မြင့် ကိုရီးယားထုတ်ကုန်များကို အလွယ်တကူရရှိနိုင်စေရန် ရည်ရွယ်၍ SSMALL အွန်လိုင်းစျေးဝယ်စင်တာကို စတင်တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ကုမ္ပဏီသည် ယုံကြည်စိတ်ချမှု၊ အရည်အသွေးနှင့် ကျွန်ုပ်တို့၏ဖောက်သည်များ၏ လိုအပ်ချက်များကို နက်နဲစွာနားလည်မှုပေါ်တွင် တည်ဆောက်ထားပါသည်။

ဝန်ဆောင်မှုများ

SunShine Yangon တွင် ကျွန်ုပ်တို့သည် အရည်အသွေးမြင့်၊ စစ်မှန်သော ကိုရီးယားအလှအပနှင့် လူသုံးကုန်များအား တင်သွင်းခြင်းနှင့် ဖြန့်ဖြူးရေးလုပ်ငန်းကို အထူးပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအနှံ့ရှိ အဓိကလက်လီအရောင်းဆိုင်များဖြစ်သော CMHL၊ Capital နှင့် Aeon Orange ကဲ့သို့သော hypermarket များနှင့် Beauty Diary နှင့် Medicare ကဲ့သို့သော နာမည်ကြီးအလှကုန်ဆိုင်များတွင် တင်သွင်းဖြန့်ချီရောင်းချလျှက်ရှိပါသည်။
ယခု SSMALL ဖြင့် ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချရသော ထုတ်ကုန်များကို သုံးစွဲသူများအား အဆင်ပြေလွယ်ကူသော အွန်လိုင်းပလက်ဖောင်းမှ တိုက်ရိုက်ရယူနိုင်ရန် ဆောင်ရွက်ပေးနေပါသည်။ ထုတ်ကုန်ရွေးချယ်ရာတွင်လဲ ကျွန်ုပ်တို့၏ လက်လီဆိုင်များတွင် တင်သွင်းထားသည့်အတိုင်း ထုတ်ကုန်များအား ဘေးကင်းမှု၊ စစ်မှန်မှုနှင့် ထိရောက်မှုတို့ကို အသေအချာ ဂရုတစိုက်ရွေးချယ်ထားပါသည်။ ထို့အပြင် ကျွန်ုပ်တို့အနေဖြင့် စားသုံးသူများအား ယုံကြည်စိတ်ချရသော ကိုရီးယား ထုတ်ကုန်များကို သက်သာလွယ်ကူစွာ ခံစားရရှိနိုင်စေရန် လုပ်ဆောင်ထားပါသည်။

ရည်ရွယ်ချက်

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ အဆင့်မြင့်ကိုရီးယားအမှတ်တံဆိပ်များနှင့် ကျွန်ုပ်တို့၏ စားသုံးသူများအကြား ချိတ်ဆက်မှုအား တိုးတက်ကာ၊ ကျွန်ုပ်တို့ ပေးဆောင်သော ထုတ်ကုန်တိုင်းသည် ဘေးကင်းလုံခြုံပြီး စစ်မှန်ကာ ထိရောက်ကြောင်း အာမခံနိုင်ရန်ဖြစ်ပါသည်။ ယုံကြည်မှု၊ အဆင်ပြေမှုနှင့် သက်သောင့်သက်သာရှိမှုများပေါ် မူတည်ထားသော စျေးဝယ်အတွေ့အကြုံကို ဖန်တီးရန် ရည်ရွယ်လျက်၊ အရည်အသွေးမြင့်ထုတ်ကုန်များမှတဆင့် ကျန်းမာသက်သာပြီး ယုံကြည်မှုရှိသော လူနေမှုဘဝများကို ထောက်ပံ့ပေးရန် ကျွန်ုပ်တို့၏ ရည်မှန်းချက် ဖြစ်ပါသည်။

ရည်မှန်းချက်

ကျွန်ုပ်တို့သည် SSMALL ကို မြန်မာနိုင်ငံရှိ ကိုရီးယားအလှအပနှင့် နေထိုင်မှုပုံစံထုတ်ကုန်များအတွက် အဓိက အွန်လိုင်းအရောင်းအဝယ်ဌာနဖြစ်လာမည်ဟု မြင်မြင်သာသာ ရည်မှန်းထားပါသည်။ ဝယ်ယူသူများအနေဖြင့် ယုံကြည်စိတ်ချစွာ ဈေးဝယ်နိုင်ပြီး နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းများကို ရှာဖွေတွေ့ရှိကာ ထူးခြားသော ဝန်ဆောင်မှုများကို ခံစားနိုင်သည့် နေရာတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ရေရှည်ပန်းတိုင်မှာ ကျွန်ုပ်တို့၏အရည်အသွေး၊ စစ်မှန်မှုနှင့် သုံးစွဲသူများကို ဉီးစားပေးသော ဝန်ဆောင်မှုတို့ကို ထိန်းသိမ်းထားကာ ကျွန်ုပ်တို့၏လက်လှမ်းမီမှုကို ချဲ့ထွင်ရန်ဖြစ်သည်။

What we stand for

Customer Centricity

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec.

Trust & Integrity

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec.

Cost Conscious

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec.

Shopping Cart
Scroll to Top