
Skin Care တွေကို စျေးကြီးပေးဝယ်ပြီး သုံးနေပေမဲ့ မသိသာဘူး
Skin Care Product နေ့စဉ်သုံးနေပေမဲ့ မထိရောက်ဘူး ဘာမှမပြောင်းလဲဘူး…ဒါဆိုရင် ဘာမှားနေတာလဲ? အဖြေရှာကြရအောင်
အပေါ်ကလို ခံစားမှုမျိုးကို ခံစားနေရပြီဆိုရင်တော့ ဒီအကြံပြုစာလေးက သင့်အတွက်ပဲဖြစ်ပါတယ်။ Skin ပိုပြီးကောင်းချင်လို့ Skin Care Products တွေကို သုံးပေမဲ့ ဘာမှမသိသာတဲ့အခြေအနေလဲရှိသလို ပိုပြီး အသားအရေက ဆိုးရွားသွားတဲ့ အခြေအနေမျိုးလဲ ရှိနိုင်ပါတယ်။ ကဲ ဒါဆိုရင်တော့ အကြောင်းအရင်းကို ရှာကြည့်မယ်ဆိုရင်တော့ အောက်ပါ အချက်သုံးချက်ကို သုံးသတ်ကြည့်ဖို့လိုပါတယ်။
1) မိမိအသုံးပြုနေတဲ့ Product က မိမိအသားအရေနဲ့ မကိုက်ညီတာလား?
2) မိမိအသုံးပြုနေတဲ့ Product က Quality မကောင်းတာလား?
3) မိမိအသုံးပြုနေတဲ့ နည်းလမ်းက မမှန်တာလား? ဆိုတဲ့ အချက်သုံးချက်နဲ့ သုံးသပ်ဖို့လိုပါတယ်
အဲ့တော့ ပထမဆုံးအနေနဲ့ မိမိ အသားအရေနဲ့ ကိုက်ညီတဲ့ Product ဖြစ်နေဖို့လိုပါတယ်။ အသားအရေအမျိုးအစားအမျိုးမျိုးရှိသလို အသားအရေအမျိုးအစားအမျိုးမျိုးအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ Product တွေလဲရှိပါတယ်။ မိမိ အသားအရေက ခြောက်သွေ့နေတာဆိုရင် ရေဓာတ်နဲ့ အဆီဓာတ်ဖြည့်တင်းပေးနိုင်တဲ့ Product မျိုး Ingredients ပါဝင်တာမျိုးကို အသုံးပြုပေးဖို့လိုအပ်ပါတယ်။ အဆီပြန်တဲ့အသားအရေ သမားတွေဟာ အဆီများတဲ့ product မျိုးကို မသုံးသင့် သလို ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်များဟာလဲ Mild Product များကိုသာအသုံးပြုသင့်ပါတယ်။ မိမိအသားအရေနဲ့ မကိုက်တဲ့ Product မျိုးကို အသုံးပြုခြင်းဟာ မိမိအသားအရေအတွက် အကျိုးမသက်ရောက်စေတာကြောင့် မိမိအသားအရေနဲ့ ကိုက်တာကို အသုံးပြုဖို့ သေချာဂရုပြုရပါတယ်။
နောက်တစ်ချက်က မိမိ အသုံးပြုနေတဲ့ Product က Quality ပြည့်မှီပြီး Safe ဖြစ်တဲ့ ပစ္စည်းမျိုးဖြစ်ဖို့လိုအပ်ပါတယ်။ တိုးတက်လာတဲ့ ခေတ်ကာလနဲ့အညီ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေဟာလဲ အလွန်များပြားလာတဲ့အပြင် အမျိုးအစားတွေလဲ အများကြီး ထွက်ပေါ်လာပါတယ်။ ဒါကြောင့် မိမိက ပစ္စည်းတစ်ခု မဝယ်ခင်မှာ ဒီပစ္စည်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ နောက်ခံတွေနဲ့ Review တွေကို ရှာဖွေကြည့်ရှုလေ့လာထားဖို့လိုအပ်ပါတယ်။
ကဲ နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ အသုံးပြုပုံနည်းလမ်းပါ။ ကိုယ့်အသားအရေနဲ့လည်းကိုက်ညီပါတယ် Quality လဲ ပြည့်မှီပေမဲ့ အသုံးပြုနည်းလမ်းမမှန်ရင်တော့ အလဟသဖြစ်မှာပဲဖြစ်ပါတယ်။
Skin Care အသုံးပြုပုံနည်းလမ်းနဲ့ Step လေးတွေကို အကျဉ်းချုံးရှင်းပြပေးသွားပါမယ်။
Skin Care Steps Morning – Cleansing Foam > Toner > Essence/Serum/Ampoule > Moisturizing Cream > Sun Cream
Skin Care Steps Evening – Double Cleansing(Make up Cleanser/Cleansing Oil) > Cleansing Foam > Exfoliate (Twice a Week)> Toner > Essence/Serum/Ampoule > Moisturizing Cream > Sleeping Mask or Night Cream
စတဲ့ Skin Care Step ကိုနည်းလမ်းမှန်မှန် အသုံးပြုပေးဖို့လိုအပါတယ်နော်။ ဘာကြောင့်လဲဆိုတော့ Skin care steps တွေမှာ တစ်မျိုးနဲ့ တစ်မျိုး အသားအရေအပေါ် သက်ရောက်တဲ့ ပုံခြင်းမတူတာကြောင့် မှန်ကန်စွာအသုံးမပြုဘူးဆိုလျှင်တော့ အကျိုးသက်ရောက်မှုနည်းမှာပဲဖြစ်ပါတယ်နော်။ မိမိအသုံးပြုနေတဲ့ Skin Care Products တွေက မထိရောက်ဘူးလို့ ခံစားနေရရင် အထက်ပါ အချက်သုံးချက်နဲ့ သုံးသပ်ဆင်ခြင်ကြည့်ပါနော်။ အားလုံးပဲ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပြီး အလှတိုးနိုင်ကြပါစေ။
best replica watches uk
UK automatic cheap replica watches uk for men here are at affordable prices. All the collections are available.