
အရေပြား အဆီပြန်ခြင်းနဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေပြီလား? ဒါဆိုရင်တော့ စိတ်မညစ်နဲ့တော့နော် ဝက်ခြံတွေ အရှင်းပျောက်နိုင်တဲ့ Beauty Tip လေးကို Sharing လုပ်ပေးသွားပါမယ်နော်။
အဆီပြန်ခြင်းဟာ အရေပြားကို ကာကွယ်ပြီး အစိုဓာတ်ထိန်းပေးမယ့် အဆီပြန်တဲ့ အဆီဓာတ်တစ်မျိုးဖြစ်တဲ့ sebaceous glands ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာတာပါ။ အဆီဓာတ်ထုတ်လုပ်မှုများလွန်းပါက ချွေးပေါက်များကို ပိတ်ဆို့စေပြီး ဝက်ခြံဖြစ်စေပါတယ်။ ဒါအပြင်အရေပြားတွင်းရှိ အစိုဓာတ်ထုတ်လုပ်မှုဟာလဲနည်းပါးလာပါတယ်။
အဆီပြန်ပြီး ဝက်ခြံအသားအရေသမားများအနေနဲ့ အောက်ပါ အသားအရေထိန်းသိမ်းတဲ့ နည်းလမ်းတွေကို လိုက်နာပြုလုပ်ပေးပါနော်။
1) သင့်အသားအရေကို တစ်နေ့နှစ်ကြိမ် သန့်စင်ပေးပါ။
မနက်ခင်းနဲ့ ညဘက်တွေမှာ မျက်နှာကို ဆေးကြောဖို့ အရေးကြီးပါတယ်။ အရေပြားကို မကြာခဏ သန့်စင်ခြင်း သို့မဟုတ် အရေပြားကို ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်းသည် စသည့်အလွန်အကျွံ သန့်ရှင်းရေးလုပ်ခြင်းက အဆီပြန်တဲ့ အသားအရေကို ပိုဆိုးစေနိုင်ပါတယ်။ lotion cleansers များထက် အမြှုပ်ထွက်သော ဆပ်ပြာ သို့မဟုတ် Oil Cleaner များကို ရွေးချယ်အသုံးပြုပါ။
2) တစ်ပတ်လျှင် နှစ်ကြိမ် Exfoliate လုပ်ပါ။
Exfoliation ဆိုသည်မှာ သင့်အရေပြား၏ အပြင်ဘက်အလွှာမှ ဆဲလ်သေများကို ဖယ်ရှားလိုက်ခြင်းဖြင့် ချွေးပေါက်များတွင် ပိတ်ဆို့နေသော အဆီနှင့်အညစ်အကြေးများကို ဖယ်ရှားပေးခြင်းဖြစ်ပါတယ်။ ဂျေးချွတ်ခြင်းက အသားအရေကို ချောမွေ့စေပြီး အဆီပြန်တဲ့ အသားအရေရဲ့ အဖြစ်များတဲ့ ပြဿနာ နှစ်ခုဖြစ်တဲ့ ချွေးပေါက်ပိတ်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းတို့ကိုလည်း သက်သာစေပါတယ်။ Peeling Gel/Scrub စတဲ့ AHA/BHA ပါတဲ့ Products များကို အသုံးပြုပေးပါ။
3) Moisturizer အသုံးပြုပေးပါ။
အဆီပြန်သော အသားအရေများသည် အရေပြားတွင်း အစိုဓာတ်နည်းခြင်းကြောင့် ဖြစ်သည့်အပြင် အဆီပြန်အသားအရေထုတ်ကုန်များသည် အသားအရေကို ခြောက်သွေ့စေသောကြောင့် အစိုဓာတ်ဖြည့် Moisturizer များ အသုံးပြုပေးရန်အထူးလိုအပ်ပါသည်။ အဆီပြန်အသားအရေများအတွက် အထူးထုတ်လုပ်ထားသော Moisturizer များကို ရွေးချယ်အသုံးပြုနိုင်ပါသည်။ အသုံးပြုရာတွင် အဆီပြန်သည့်အသားအရေအတွက် ကောင်းမွန်သောအောက်ပါ Ingredients တွေပါတဲ့ ပစ္စည်းတွေကို အသုံးပြုပေးပါ။
- Salicylic Acid
- Niacinamite Acid
- Zinc
- Cica Extract / Tea Tree & Green Tea Extract များပါဝင်တဲ့ Skincare Products များကို အသုံးပြုပေးပါ။
4) Sun Cream နေ့စဉ် အသုံးပြုပေးပါ။
နေရောင်ခြည်နဲ့ ထိတွေ့ခြင်းက သင့်အသားအရေကို ပျက်စီးစေသည့်အပြင် ဝက်ခြံအမာရွတ်အမဲစက်များကို ပိုမိုဆိုးရွားစေပါသည်။ ဝက်ခြံထွက်ခြင်းကို ပိုမိုဖြစ်ပွားစေတဲ့အပြင် အရေပြားပြဿနာများကို ဖြစ်ပေါ်စေသောကြောင့် နေ့စဉ် မနက်ပိုင်းတွင် နေရောင်ခြည်ကာကွယ်ပေးနိုင်သော SPF 50+ PA+++ ပါဝင်သော Suncream ကို အသုံးပြုပေးပါ။
ဝက်ခြံထွက်ခြင်းနဲ့ အဆီပြန်ခြင်းက အသားအရေထိန်းသိမ်းနည်းနဲ့ ပျောက်ကင်းနိုင်သော်လည်း မိမိရဲ့ နေ့စဉ်အစားအသောက်အနေအထိုင်ကိုလည်းဆင်ခြင်ဖို့လုံးဝမမေ့ပါနဲ့နော်။
အဆီပြန်ခြင်းနဲ့ ဝက်ခြံအတွက် သက်သာပျောက်ကင်းနိုင်တဲ့ Products များကို ကြည့်ရန် ဤစာသားကိုနှိပ်ပါ။