How to take care of your hair in Monsoon Season?

How to take care of your hair in Monsoon Season?

ရာသီဉတုကြောင့် ဆံသားပျက်စီးခြင်းက အများဆုံးဖြစ်ကြတယ်ဆိုတာ သိကြပြီးပြီလား? တခြားရာသီများထက် မိုးရာသီရဲ့ စိုထိုင်းဆ၊ စိုစွတ်မှုများက ဉီးရေပြားမှိုစွဲခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ဗောက်ထခြင်း၊ ဉီးရေပြားယားယံခြင်း၊ ဆံသားခြောက်သွေ့ခြင်း၊ ဆံပင်ကျွန်ခြင်း၊ ဆံသားကျိုးကြေလွယ်ခြင်းနှင့် အနံ့အသက်မကောင်းခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ ရာသီဉတုအပြောင်းအလဲကြောင့်ဆံသားပျက်စီးခြင်းမှ ကင်းဝေးဖို့အတွက် ဆံသားကို မှန်ကန်တဲ့ ထိန်းသိမ်းမှုနည်းလမ်းနဲ့ ထိန်းသိမ်းဖို့အလွန်အရေးကြီးပါတယ်။
မိုးရာသီမှာ ဆံသားကျန်းမာစေဖို့ ထိရောက်တဲ့နည်းလမ်း ၇ချက်နဲ့ ထိန်းသိမ်းဖို့လိုအပ်ပါတယ်။

  1. မိုးရေမကြာခဏစိုခြင်းမှရှောင်ကျဉ်ပါ
    မိုးရေသည် လေထုမှ ညစ်ညမ်းသော အညစ်အကြေးများကို စုဆောင်းပြီး သတ္တုဓာတ်ပါဝင်မှု မြင့်မားကာ ဦးရေပြားကို ယားယံစေပြီး ဗောက်နှင့် ယားယံခြင်းတို့ကို ဖြစ်စေနိုင်သည်။ ထို့အပြင် မိုးရေအစိုဓာတ်သည် ဆံနွယ်များကို အားနည်းပြီး ခြောက်သွေ့စေပါသည်။
  2. Hair Conditioner အသုံးပြုပါ
    မိုးရာသီတွင် စိုထိုင်းဆမြင့်မားခြင်းသည် ဦးရေပြား၏ သဘာဝဟန်ချက်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ဗောက်နှင့် ယားယံခြင်းတို့ကို ဖြစ်စေသည်။ Hair Conditioner ကိုပုံမှန် အသုံးပြုခြင်းသည် စိုထိုင်းဆကြောင့် ဆုံးရှုံးသွားသော အစိုဓာတ်နှင့် အာဟာရများကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး ဆံသားကို ပိုမိုကောင်းမွန်စေပါသည်။
  3. မိုးမိထားတဲ့ ဆံသားများကို ဆေးကြောပါ
    မိုးရေမိပြီးနောက် တတ်နိုင်သမျှ ဆံပင်ကို အမြန်ဆုံးဆေးကြောပါ။ မိုးရေမှာ ဦးရေပြားကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အညစ်အကြေးတွေ ပါဝင်သည့်အပြင် စိုထိုင်းဆက ဦးရေပြားကို အဆီပြန်စေပါတယ်။ ဒါကြောင့် သင့်ဦးရေပြားကျန်းမာရေးအတွက် မိုးရာသီမှာ ဆံပင်ကို မကြာခဏဆေးကြောပေးပါ။
  4. ပြင်းထန်သောဓာတုပစ္စည်းများပါသော ထုတ်ကုန်များ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ
    မိုးရာသီ စိုထိုင်းဆသည် ဆံပင်ကို ခြောက်သွေ့စေပြီး ကြွပ်ဆတ်ခြင်း သို့မဟုတ် အဆီပြန်ခြင်း စသော ဉီးရေပြားထိခိုက်ပျက်စီးမှုကို အလွယ်တကူဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ဆံသားနှင့်ဉီး‌ရေပြားပေါ်ရှိ သဘာဝအဆီများကို ထိန်းသိမ်းပေးပြီး ရေဓာတ်ဖြည့်တင်းနိုင်သော Mild Type ခေါင်းလျှော်ရည်နှင့် Conditioner များကိုအသုံးပြုပါ။
  5. အလွန်အကျွံ Hair styling ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ
    စိုစွတ်သောရာသီတွင် ဆံသားခံနိုင်ရည်သည် အားနည်းနိုင်သောကြောင့် အပူပေးကိရိယာများ အလွန်အကျွံအသုံးပြုခြင်းနှင့် ဆံပင်အလွန်အကျွံပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
  6. တစ်ပတ်လျှင် နှစ်ကြိမ် ဆီလိမ်းပါ
    ဆီသည် မိုးရာသီတွင် ဆံသားပျက်စီးမှုကာကွယ်ခြင်းအတွက် အကောင်းဆုံးဖြစ်ပါသည်။ ဆံသားအား ရေဓာတ်ပြည့်ဝစေပြီး ဆံပင်ကျွတ်ခြင်းကင်းရန်အတွက် အာဂန်အဆီ၊ အုန်းဆီ သို့မဟုတ် Moringa ဆီ ကို အသုံးပြုပါ။
  7. Hair Serum သုံးပါ
    မိုးရာသီတွင် တစ်နေကုန် ဆံသားတောက်ပြောင်ရန်နှင့် ဆံသားရှုပ်ထွေးခြင်း၊ငြိခြင်းတို့မှ ကင်းဝေးစေရန် Hair serum ကို အသုံးပြုပေးပါ။
    ကဲ ဒါဆိုရင်တော့ အပေါ်က အချက် ၇ချက်ကို လိုက်နာ‌ပေးရုံနဲ့ မိုးရာသီမှာဖြစ်ပွားတဲ့ ဆံသားပြဿနာတွေကင်းဝေးမှာပဲဖြစ်ပါတယ်နော်။
    ဆံသားထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ Product လေးတွေကိုကြည့်ရန် ဤစာသားလေးကိုနှိပ်ပါ။

Leave a Comment

Shopping Cart
Scroll to Top