Sunscream လိမ်းပါလိမ်းပါဆိုတာ အလကားပြောနေတာ မဟုတ်ပါဘူးနော်။လူတိုင်းက Glow Skinလေးလိုချင်ကြတယ် အမဲစက်ကင်းစင် Glow Glass Skinလေးလိုချင်ကြတယ်မလား အဲ့တာဆိုSuncream ကိုသေချာပေါက်လိမ်းကိုလိမ်းရမယ် Suncreamကို ဘာလို့လိမ်းသင့်တာလဲဆိုတော့
· အမဲစက်၊ တင်းတိတ်တွေ မတက်လာစေဖို့။
· အသားအရည်မညီမညာ ဖြစ်မလာစေဖို့။
· အသားအရည်ပျက်စီးစေတဲ့ နေရောင်ခြည်တိုက်ရိုက်ကျရောက်မှုကိုကာကွယ်ဖို့။
· အရေပြားကင်ဆာဖြစ်မှုနှုန်းလျော့ကျစေဖို့။
· အရွယ်မတိုင်ခင် အိုမင်းမှုလျော့ကျစေဖို့၊ အထူးကာကွယ်ဖို့ အတွက် Suncream ကိုမဖြစ်မနေလိမ်းဖို့လိုအပ်ပါတယ်။
Suncream မလိမ်းပေးရင် ဘာတွေဖြစ်လာနိုင်လဲဆိုတော့….
· အရေးအကြောင်း(Aging) ဖြစ်တာလွယ်မယ်
· အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ပြီးအသားတွေတွဲကျလာမယ်
· အသက်အရွယ်ရလာတဲ့အခါမှာတင်းတိတ် ၊ မှဲ့ခြောက်တွေဖြစ်ခြင်း
· အသားအရည်အရောင်မညီပဲ တစ်ခုခုလိုအပ်နေခြင်း
· တစ်ခုခုကြောင့်ကျန်ခဲ့တဲ့အမာရွတ်ပျောက်ဖို့အချိန်ကြာခြင်း
· နေလောင်ခံရခြင်း တို့ဖြစ်နိုင်ပါတယ်
Suncream လိမ်းတယ်ဆိုတာ နေရောင်ခြည်ကထုတ်လွှတ်လိုက်တဲ့ UV Raysတွေကို ကာကွယ်တာပါ။
နေရောင်ခြည်က ဖြာထွက်လာတဲ့ အလင်းတန်းတွေကို UltraViolet Radiation(UV Rays) လို့ခေါ်ပြီးUV rays မှာမှ UVA rays နဲ့ UVB rays ဆိုပြီး အမျိုးအစားထပ်ကွဲသွားပါတယ်။ Suncream မလိမ်းဘူးဆိုရင် UVA rays ကြောင့် အရေးကြောင်းဖြစ်တာ အသားရည်လျော့တွဲတာတွေဖြစ်ပေါ်လာနိုင်ပြီး UVB raysကြောင့်နေလောင်ပြီး အသားကရဲတက်လာနိုင်ပါတယ် နောက်ပြီး အသက်ရွယ်ရလာတဲ့အခါမှာ အမဲစက် တင်းတိတ်တွေဖြစ်လာ နိုင်တာမို့ သေချာပေါက် သုံးပေးရမယ်နော်<<